ဓာတ်ပုံ- အညာမြေ တပ်ပေါင်းစု

အင်းငယ်၊ ဇူလိုင် ၂၁ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရွာ ရဲစခန်းကို အညာမြေ တပ်ပေါင်းစုနဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တစ်ဦးက မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင် ၁၇ ရက် မနက် ၄ နာရီခွဲက လက်ဆည်ရဲစခန်းကို မဟာမိတ်တပ်တွေက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ရဲတန်းလျား ၄ ဆောင်၊ ဘန်ကာ ၄ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ပင်မအဆောင်နဲ့ နောက်ထပ် ဘန်ကာ ၂ ခုကို ရရှိလုနီးပါးမှာ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က “ကျဆုံး ရဲဘော်က ၂ ယောက်ပေါ့နော်။ မဟာမိတ်တပ်က ၂ ယောက်ပေါ့။ တစ်ယောက်ကတော့ အလောင်း ပြန်ရတယ်ပေါ့။ နောက်တစ်ယောက်ကတော့ တပ်ဆုတ်လာတဲ့အချိန်မှာ ကျနော်တို့ မသယ်နိုင်လိုက်ဘူးပေါ့။ ကျနော်တို့ အညာမြေ တပ်ပေါင်းစုကလည်း တစ်ယောက် ထိတာ ရှိပါတယ်။ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ကျဆုံးသူ ၂ ဦးဟာ အသက် ၃၆ နှစ်အရွယ် ပြည်သူ့ ဒီမိုကရက်တစ် တပ်မတော်- PDO/PDA ရဲ့ စစ်ဦးစီးမှူး ဗိုလ်နဂါးနဲ့ အသက် ၂၀ အရွယ် ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ရဲ့ တပ်စုမှူး ကိုထွန်းခတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က ၃ ဦး သေဆုံးကာ တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူတွေ ရောက်ရှိလာတဲ့အပြင် တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ကျည် မလုံလောက်တာကြောင့် တပ်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အခု မစ်ရှင်က ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါဘူး။ ဒီအတွက် အများကြီး သင်ယူရ၊ လေ့လာရပါတယ်။ နောက်ပွဲတွေမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာပါမယ်” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

စစ်ဆင်ရေးကို အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုနဲ့ အညာမြေ တပ်ပေါင်းစု၊ ပခုက္ကူခရိုင်တပ်ရင်း ၁၉ တပ်ခွဲ ၃၊ ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု- PLC, PRF၊ ကိုရေခဲနဲ့ကိုဗလ ဦးဆောင်တဲ့ လူငယ်ပြောက်ကျားတပ်ဖွဲ့၊ God of Myaing, PL PDF တို့က ပူးပေါင်းဖော်ဆောင်ခဲ့ပြီး Type 81 သေနတ် ၂ လက် ဆုံးရှုံးခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လက်ရှိ လက်ဆည်ရဲစခန်းမှာ စစ်တပ်က လူအင်အား အများစု ချထားပြီး ခံစစ် အနေအထားကို အပြည့်အဝ ပြင်ဆင်ထားတယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။