ခိုင်လေး၊ ဇန်နဝါရီ ၁ ရက်၊ ပခုက္ကူ

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်မှ မြို့ထဲ ပြန်လာတဲ့ စစ်ကားကို တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး လက်နက် ၄ လက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်‌ခွေးတွေက အဲ့နားတစ်‌လျှောက် တစ်ဆက်တည်းဖြစ်တဲ့အတွက် ကင်းချိန်းတာ လူချိန်းတာဖြစ်ဖို့ များတယ်ဗျ။ ကျနော်တို့အဖွဲ့က ဆယ်ယောက်လောက်နဲ့ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ အချိန်က ၂ မိနစ်လောက်ဘဲ ကြာသွားတယ်ဗျ” ဆိုပြီး Young Force UG တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကားပေါ် ပါလာတဲ့ စစ်သား ၄ ဦး သေဆုံးပြီး MA-3 ၄ လက်၊ ကျည်ဘောက် ၈ ခု ကျည် ၁၆၈ တောင့်နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း Young Force UG မှ ရဲဘော်‌တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ပခုက္ကူ PDF နဲ့ Pakokku Ranger တို့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းရဲ့ စုံညီပွဲတော်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ စုံညီပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။