ရွှေဖီမြေ၊ ဇူလိုင် ၂၁ ရက်၊ ပုသိမ်ကြီး
မန္တလေးတိုင်း ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ သတင်းထုန်ပြန်လာပါတယ်။
တိုက်ခိုက်မှုက မနေ့ ဇူလိုင် ၂၀ ရက်မှာဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၆ ဦးကိုလည်း အရှင်ဖမ်းမိတယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာတာပါ။
တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာရှိ တပ်စခန်း၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းနဲ့ မြကန်သာရွာရှိ တပ်စခန်းတို့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းပစ္စည်းအပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
MDY PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ၊ SSTF တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။