ရွှေဖီမြေ၊ ဇူလိုင် ၂၀ ရက်၊ မတ္တရာ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ဘက် စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကို MDY-PDF က ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ တွန်းတွဲသင်္ဘော ၁ စီး နစ်မြှုပ်ကာ အခြား တွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောတွေဟာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာတာဖြစ်ပြီး စစ်သင်္ဘော ၅ စီးအပါ စုစုပေါင်း သင်္ဘော ၁၄ စီးကို MDY-PDF က တိုက်ခိုက်ခဲ့ကြောင်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာတာပါ။

စစ်တပ်က စစ်သင်္ဘောတွေကို ဂျက်ဖိုက်တာအပြင် Mi-35 ရဟတ်ယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ပစ်ကူကာကွယ်ပေးတဲ့ကြားကနေ MDY-PDF က အဲဒီ စစ်သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။