ယာရူစိင်၊ ဇူလိုင် ၂၀ ရက်၊ သီပေါ

PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇူလိုင် ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ သီပေါမြို့ အမှတ်(၁) အခြေခံမူလွန်ကျောင်းနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းလိုင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

“အကျဉ်းထောင်မှာ ၁ လုံး အရင်လာကြဲသွားတာ။ ပြီးတော့ ပြန်ပတ်လာတယ်။ မကြဲသေးဘူး။ ပတ်ပြီး ၃ ခေါက်မြောက်မှာ ဝဲလာပြီး အမက ၁ မှာ နောက်တစ်လုံး ထပ်ကြဲလိုက်တာ။ နောက် ၁ လုံးတော့ ဇာတ်စုရပ်ကွက်က ကစားကွင်းနားမှာ ကျတာ မကွဲသေးဘူး။ လူအထိအခိုက်တော့ မရှိဘူး”

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း သီပေါမြို့ထဲက Hsipaw မိုဘိုင်းဖုန်းဆိုင်အနီးနဲ့ ရွှေလုံး အလှပြင်ဆိုင်အနီးကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇူလိုင် ၄ ရက်ကလည်း သီပေါမြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အဆောက်အဦး ၅ လုံးနဲ့ နေအိမ် ၈ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ သီပေါမြို့မှာ ၂ ပတ်ကျော်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၄၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။