ယာရူစိင်၊ ဇူလိုင် ၁၈ ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၁၇ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။
“နေအိမ် အဆောက်အဦးတချို့လည်း ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိဘူးနော်။ စစ်တပ်က ၄ လုံး အရင်ကြဲချတာ။ ပြီးမှ ၆ လုံးထက်မနည်း ပြန်ကြဲတာ”
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း ဒီးမော့ဆို အနောက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။
မေလ ၆ ရက်ကလည်း ဒီးမော့ဆိုအနောက်ပိုင်းရှိ ရပ်ကွက်ထဲ ဂျက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးအငွေ့ ရှူမိတဲ့ ဒေသခံတချို့ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။