ရွှေဖီမြေ၊ ဇူလိုင် ၁၈
ဒီနေ့ ဇူလိုင် ၁၈ရက်နေ့ ညနေပိုင်း ၄နာရီအချိန်မှာ မိုးကုတ်မြို့နဲ့ကျောက်မဲမြို့တွေမှာ ငလျင်သိသိသာသာလှုတ်ခတ််သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“လှုပ်တာက သိသာတယ်။ ၄နာရီအချိန်ကွက်တိလောက်မှာ ဖြစ်တာ။ အချိန်တော့ သိပ်မကြာလိုက်ဘူး”လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နမ့်ဆန်မြို့ဘက်မှာလည်း ငလျင်လှုတ်ခတ်ခဲ့ကြောင်း ပြောဆိုပေမယ့် အချို့က ငလျင်လှုတ်ခတ်သွားတာကို မသိလိုက်ဘူးလို့ ဆိုပါတယ်။
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ ငလျင်နောက်ဆုံးလှုတ်ခတ်ခဲ့တာဖြစ်ပြီး အဲနောက်ပိုင်း သိသိသာသာထပ်မံလှုတ်ခတ်တာမျိုး မရှိခဲ့ပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။