ဓာတ်ပုံ – AA

အိုက်ပွီး၊ ဇူလိုင်လ ၁၈ရက်၊ ရခိုင်

အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စတားလင့်အင်တာနက် အသုံးပြုခ စျေးနှုန်း တစ်နာရီကို ၂,၀၀၀ ကျပ်နဲ့ တပြေးညီ AA က သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အရင်က AA ထိန်းချုပ်နယ်မြေက မြို့နယ်တွေမှာ စတားလင့်အင်တာနက် အသုံးပြုခ စျေးနှုန်း တစ်နာရီကို ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ထိရှိပြီး မနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ တစ်နာရီ ၂,၀၀၀ ကျပ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

“အရင်က တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နေရာနဲ့တစ်နေရာ အင်တာနက်အသုံးပြုခ စျေးနှုန်း မတူကြဘူး။ တချို့မြို့နယ်တွေမှာ တစ်နာရီ ၅,၀၀၀ ကျပ်၊ တချို့နေရာတွေမှာ ၁၀,၀၀၀ ကျပ်ထိ ပေးရပါတယ်။ ဒါကို စျေးလျှော့ပေးဖို့နဲ့ တပြေးညီ စျေးသတ်မှတ်ပေးဖို့ ပြည်သူတွေက တောင်းဆိုလိုက်လို့ အခုလို ဖြေလျှော့ပေးတာနေမယ်”လို့ ကျောက်တော်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါပေမယ့် သတ်မှတ်တဲ့ စျေးနှုန်းထက် ပိုကောက်ခံသူတွေကို AA အနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်သွားမယ်ကို ပြောဆိုထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“AA က အခုလို တပြေးညီ စျေးသတ်မှတ်ပေးလိုက်တာ ကောင်းပါတယ်။ ပြည်သူတွေလည်း အဆင်ပြေကြတယ်။ ဒါပေမယ့် သတ်မှတ်စျေးထက် ကောက်ခံမူတွေရှိရင် ဘယ်လိုအရေးဆောင်ရွက်မလဲပေါ့။ ဒါကိုပြောဆိုတာမရှိသေးဘူး။ အရင်ကလည်း AA ရဲ့ ဗဟိုညွန်ကြားချက်နဲ့ ကောက်ခံတာမဟုတ်ဘဲ အောက်ခြေမှာ စျေးကောက်ချင်သလိုကောက်နေကြတယ်။ အခုလည်း အဲလိုဖြစ်မှာလည်း စိုးရိမ်ရတယ်။ ဒါကြောင်း သတ်မှတ်စျေးထက် ကောက်ခံမူတွေရှိရင် ဘယ်လိုအရေးဆောင်ရွက်မလဲပေါ့။”လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီက ဆက်သွယ်ရေး ဖုန်းလိုင်းတွေ၊ အင်တာနက် ပိတ်ထားတဲ့အတွက် AA က ပြည်သူတွေ အင်တာနက် သုံးစွဲခွင့်ရရေး အခကြေးငွေယူပြီး စတားလင့်တွေ တပ်ဆင်ပေးထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။