ဓာတ်ပုံ – WIN

မိုင်းရူပ၊ ဇူလိုင် ၁၈ ရက်

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောဟာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်အထိ ရောက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂၂ စီးဟာ ဂေါ်ဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကနေ တက်လာပြီး ဒီနေ့ ဇူလိုင်လ ၁၈ ရက်မှာ ဝက်လက်မြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်ကို ရောက်လာတာ ဖြစ်ပါတယ်။

“ဝက်လက်နဲ့ စဥ့်ကူးအစပ် ထုံကြီနားအထိ ရောက်လာပြီ။ သူတို့ တက်လာတဲ့အချိန်မှာ စဥ့်ကူးနဲ့ ဝက်လက်အစပ်က ရွာတွေကို Y- 12 နဲ့ ဗုံးတွေကြဲနေတယ်” လို့ မြေပြင်အခြေအနေသိရှိသူ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတက်လာတဲ့ ရေလမ်းကြောင်းတစ်လျှောက် Y-12 လေယာဥ်နဲ့ ကင်ထောက်ပြီး Y-12 လေယာဥ်အပြင် ဂျက်ဖိုက်တာတွေနဲ့ပါ ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

သပိတ်ကျင်းနဲ့ စဥ့်ကူးဘက်ကို ဦးတည်လာနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့တွေဘက်ကို ထိုးစစ်ဆင်ဖို့ လုပ်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဝက်လက်မြို့အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဝ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ ၄ မိုင်အကွာမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။