ဓာတ်ပုံ – GZA

ရွှေဖီမြေ၊ ဇူလိုင် ၁၈ ရက်

Generation Z Army (GZA) ရဲ့ စစ်ဦးစီးချုပ်၊ တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ယောကာကွယ်ရေးတပ်(YDF) တပ်ဖွဲ့ဝင် ၂ ဦးတို့ကို ဂန့်ဂေါခရိုင်တပ်ရင်း ယူနီဖောင်းဝတ်ထားသူတစ်စုက သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့တယ်လို့ GZA က မနေ့ ဇူလိုင် ၁၇ ရက်မှာထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ GZA ရဲ့ ဥက္ကဌနဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ကိုအောင်ကျော်မျိုးထက်၊ ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိ၊ အမှတ် (၂) တပ်ရင်းမှူး၊ ဆေးသူနာပြု ၂ ဦးနဲ့ YDF က လုံခြုံရေးတပ်မှူး ၁ ဦးနဲ့ တပ်သား ၁ဦးတို့ကို ဂန့်ဂေါခရိုင် ကန်စွန်းထောင့်ကျေးရွာနဲ့ ယင်းမာပင်ကျေးရွာကြား ဂန့်ဂေါခရိုင် တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) စခန်းအနီးမှာ လူအင်အား ၂၃ဦးခန့်ရှိတဲ့ ဂန့်ဂေါခရိုင် တပ်ရင်းယူနီဖောင်းဝတ်ဆင်ထားသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရမှုအတွင်း GZA စစ်ဦးစီးချုပ်နဲ့ ဆေးသူနာပြု ၁ ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ပေမယ့် ကျန်တဲ့သူတွေက ဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့ ည ၇ နာရီဝန်းကျင်မှာပဲ GZA ဘက်က တပ်ဖွဲ့ဝင် ၂၀ ခန့်က ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိနဲ့ အမှတ် ၂ တပ်ရင်းမှူးတို့ကို ပြန်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြန်ကယ်ဆယ်နိုင်ခဲ့တဲ့ ဗဟိုစစ်ရုံးချုပ်ကိုယ်ရေးအရာရှိ ကိုပါကြီးက ဦးခေါင်း၊ ရင်ဘတ်၊ လက်နဲ့ ပေါင်တို့မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိထားပြီး အမှတ် ၂ တပ်ရင်းမှူး ကိုဘီလူးကလည်း မစိုးရိမ် ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာသူ ၂ ဦးရဲ့ ပြောပြချက်အရ အဆိုပါ လုပ်ကြံပစ်ခတ်မှုမှာ ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ခွဲ (၇)နဲ့ ယောကာကွယ်ရေးတပ်(YDF)ကို ပုန်ကန်သွားသူတွေ ပါဝင်ပြီး လုပ်ကြံပစ်ခတ်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ အပြည့်အဝ အရေးယူသွားမယ်လို့ GZA က ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။