မာည်းရူပ၊ ကျံရ်ဇူန်လည် ဆငည်း 16၊ သပိတ်ကျင်း
ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်ကဲ က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ရဝ် 4 မဲင် အ်ုန်အီဂေါည်လှံင်သပိတ်ကျင်း ကပီုန်ဒါင်း မန္တလေး ပ်ုန်ကတူႈကဲဒဲႈတ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပ်ုန်က္လိုတ်ႎီရ်ကဲနီန် တံပ်လံပ်တီုက်ႎှီုန်းကဲ ဟည်ႎီရ်ထိုး လီပ်တီုက်ယာ်ႈဟာဝ်းဘိုးအောႏ။
ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်နီန် အူအီးက္လာင်းဒါႈ “အမှိူဝ် ခီညှာဒိူန် ကဒါႇယဲ မိူဝ်ႈအေ့ဘည်ထိုးဟာဝ်းရဲ ကဒါႇ4 ။ ကဒါႇတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲမာ် ဂီုည်ပဴင်စံပ်အူန်း ပ္လေလာက်နာက်ဒါင်း။ ညှံမ်မိူဝ်ႈစိ ဘည်ဘယ်ဒေထိင်ခြဲ 4 မဲင်နီန်။ အ်ုန်ဂီုည်မိူဝ်ႈအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ”။
အ်ုန်ဆီုပ်ဒါႈဘိုး တအမှိူဝ် ကျံရ်ဇူန်လည် ဆငည်း 15 စူန်အံပ် 6 နြီလေႈ 30 မနေတ်ဒိူန်မာ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ဂျက်ပျောႈဟာဝ်းဘျုင် ခေဲင်လှံင်သပိတ်ကျင်း ပရဝ်ရွေမွေးချောင်း ကာည်း ပရဝ် 4 မဲင်အောႏ။
ရဝ် 4 မဲင်နီန် အ်ုန်မိုႈရဝ်ပ်ုန်က္လိုတ်ႎီရ် တံပ်လံပ်တီုက်ႎှီုန်းကဲတ ဒါႇတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခည်ကျံရ်ဇူန်လည် ဆငည်း 14 ဒိူန်။
ဂေါႇပ်ုန်ထိုးလီပ်ဒေဲႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ 6 မဲင်၊ 5 မဲင်၊ 4 မဲင် အ်ုန်အီဂေါည်ခေဲင်လှံင် သပိတ်ကျင်းနီန် တံပ်လံပ်တီုက်ႎှီုန်းကဲ ကတူႈဒေက္လိုတ်ႎီရ်အောႏ။
ဆဲႈဒီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ဒါဘိုးယာန်ပ်ုရ် ပျောႈဟာဝ်းဘျုင် ခေဲင်လှံင်သပိတ်ကျင်း ရဝ်ပ်ုန်ကတူႈကဲတ ဒေက္လိုတ်ႎီရ်နီန် ဘည်လယံမ်းတိုအီးအရာပ်ကဲမာ် ဂီုည်ဆီုပ်မိူဝ်ႈအူန်းအောႏ။
ခည်ကျံရ်ဇူန်လည် ဆငည်း 14 ဒိူန်မာ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုန်ဂျက် ပျောႈဟာဝ်းဘျုင် ပလှံက်သပိတ်ကျင်း ခေဲင်ရဝ်ပိုးဇာ ကာည်း ဖော့တောနီန် တောပ်ပည်ကောန်ကညောမ်ကဲ 6 အီးယံမ်းဟာဝ်းဖါ်ႈ 5 အီးစီ ကတူႈဖေးဘာတ်ဟာဝ်းအောႏ။
လှေအ်ုန်အီမိုႈတံပ် လံမ်ကညာအာဏာဆီုက်ဇေဝ်ကဲ အ်ုန်အီဂေါည်ခေဲင်လှံင် သပိတ်ကျင်းနီန်မိုႈ တံပ်ဆီုက်တအာင်း TNLA ၊ PDF မန္တလေး ကာည်း ဗျူဟာမိုဂူႈကဲမိုႈ အီကပိုမ်ဒါတီုက်ဟာဝ်းအောႏ။
ကီုင်းသပိတ်ကျင်းနီန်မိုႈ တံပ်လံပ်တီုက်ႎှီုန်းကဲ တီုက်ဆီမ်းဘိူန်းဟာဝ်း ခည်ကျံရ်အောဂ်ုတ် ဆန်ုမ် 2024 ဒိူန်၊ ကဲညှံမ်ဘိူန်းစိ အ်ုန်အီမိုႈ တံပ်ကညာအာဏာဆီုက်ဇေဝ် ကျောင်လံပ်ဖီုက်လျံင် စနဲ 13 ၊ 7 မဲင် ကာည်း တံပ်ရဝ်ကျောက်ကြီးအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။