ယာရူစိင်၊ ဇူလိုင် ၁၅ ရက်၊ မော်ချီး
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၆ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် ၁၅ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ မော်ချီးဒေသ လိုဘာခို(ခ)လေးထပ်ကွေ့ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဒဏ်ရာရတဲ့ ၆ ဦးကတော့ ဗုံးအစထိတာပေါ့နော်။ အသက်ရှုံးဆုံးသွားတဲ့ သူတော့မရှိဘူး။ တစ်လုံးက မီးသတ်ရုံးနားမှာ ကျတာ။ နောက်တစ်လုံးက ရွာလူကြီးအိမ်နားကျတာ။ မော်ချီးဒေသဆိုရင် ပေါင် ၂၀၀ နဲ့ပဲ ကြဲနေကျလေ”
မနေ့ ဇူလိုင် ၁၄ ရက်ကလည်း မော်ချီးဒေသ တောင်ပေါ်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း မော်ချီးဒေသ လိုလော်ထီးရွာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က မော်ချီးဒေသ ရပ်ကွက် ၁၅ က ခဲကျင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။