ရွှေဖီမြေ၊ ဇူလိုင် ၁၃ ရက်၊ မြဝတီမြို့
ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထတပ်စခန်းကို KNLAနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ PKYY- Cobra column – တပ်ခွဲ ၂ မှ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဥကရစ်ထတပ်စခန်းမှာ ၆၀ မမ အပါအ၀င် လက်နက်ကြီးနဲ့ အခြားလက်နက်ခဲယမ်းတွေကိုလည်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဥကရစ်ထတပ်စခန်းကို ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတပ်စခန်းကို KNLA၊ PDF ဗျူဟာ ၃၂ နဲ့ Cobra Column စစ်ကြောင်း (၁)၊ တပ်ခွဲ -၂ PKYY တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လ ၂၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကြပြီး စခန်းရဲ့ နေရာအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၎င်းတပ်စခန်းဟာ ပြီးခဲ့တဲ့ သုံးနှစ်က စစ်ကောင်စီတပ်တို့ စခန်းမကျအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ စခန်းဖြစ်တဲ့အပြင် သက်ရှိစည်းရိုးအမည်နဲ့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။