ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇူလ်ုင်လ ၁၃ရက်၊ ရိဒ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကနေ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တပ်ဆုတ်သွားပြီး စစ်ဘေးရှောင်တွေ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မီဇိုရမ်အစိုးရရဲ့ Adyocacy Group for Peace ကြားဝင်ညှိနှိုင်း ရလဒ်မထွက်ခင် ဘာအတွက်ကြောင့် မသိရဘဲ ဇူလိုင်လ ၁၁ ရက်နေ့မနက်အစောပိုင်းက ရိဒ်ခေါဒါရ်မြို့မှ CNDF တပ်ပြန်ဆုတ်သွားတာဖြစ်ပါတယ်။

ရိဒ်ခေါဒါရ်မြို့ကနေ CNDF တပ်ပြန်ဆုတ်ပြီးနောက် မနေ့ ဇူလိုင်လ ၁၂ ရက်နေ့မနက်မှာ တိုက်ပွဲတွင်း မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူ ထောင်နဲ့ချီဟာ နေရပ်ပြန်လာကြပြီဖြစ်တယ်လို့ သိရပါတယ်။

“အိန္ဒိယဘက် ထွက်ပြေးတုန်းက အာသံရိုင်ဖယ်အဖွဲ့တွေဆီ စာရင်းပေးသွင်းတဲ့သူတွေ မနေ့မနက်မှာ ပိတ်ထားတဲ့ တံတားဖွင့်ပေးပြီး နေရပ်ပြန်လို့ရပါပြီ။ ထောင်နဲ့ချီပြည်သူတွေ ပြန်လာကြပြီ။ တဖြည်းဖြည်းနဲ့ပြန်လာသူတွေ ပိုများလာပါတယ်။”လို့ ရိဒ်ခေါဒါရ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရိဒ်-ဇိုခေါထာရ် နယ်စပ်တံတားကို အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေက ပြန်ဖွင့်ပေမယ့် အရေးပေါ် ကျန်းမာရေးအခြေအနေကလွဲပြီး မြန်မာပြည်ဘက်က အိန္ဒိယဘက်သို့ အဝင် လက်မခံသေးပါဘူး။

CNDF တပ်ပြန်ဆုတ်ပြီးနောက် ရိဒ်ခေါဒါရ်မြို့မှာ CDF-Hualngo က မနေ့ ဇူလိုင်လ ၁၁ ရက်နေ့က မြို့ထဲ ပြန်လည်ဝင်ရောက်ပြီး လိုအပ်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“လောလောဆယ် တိုက်ပွဲတွင်း ပျက်စီးသွားတာတွေ ဝိုင်းဝန်းပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်။ အခြေအနေက ဘာမှန်းမသိသေးတော့ ပြည်သူတွေ ညမထွက်ကြဖို့လည်း ညွန်ကြားထားတယ်။ မနက်ဖြန်အစည်းဝေး လုပ်မယ်လို့ ကြားတယ်။”လို့ ရိဒ်ခေါဒါရ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့ မနက်က ဖြစ်ပွားခဲ့တဲ့ CDF-Hualngo နဲ့ CNDF တို့ တိုက်ပွဲကြောင်း ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။