ဓာတ်ပုံ – TNP

ပို့လဘား၊ ဇူလိုင် ၁၂ ရက်

စစ်ကောင်စီက ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ကန့်ကွက်ကြောင်း တအာင်းအမျိုးသားပါတီ- TNP ရဲ့ ၆ လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ လူသားမဆန်တဲ့လုပ်ရပ်နဲ့ ‌အရပ်သား‌တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ပြီး နိုင်ငံတာကာအဖွဲ့အစည်းအနေနဲ့ ၎င်းတို့ကျူးလွန်တဲ့အမှုကို အမြန်ဆုံးအရေးယူပေးဖို့ TNP က တိုက်တွန်းထားပါတယ်။

TNP ရဲ့ ၆ လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်တွေက လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သုံးသပ်ခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ ဟန်ပြငြိမ်းချမ်းရေးဖိုရမ် (Peace Forum)က မြန်မာပြည်ရဲ့ ပဠိပက္ခတွေကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

“ဒီရွေးကောက်ပွဲက စစ်မှန်တဲ့ ရွေးကောက်ပွဲလဲ မဖြစ်နိုင်သလို တရားမျှတတဲ့ ရွေးကောက်ပွဲလဲ မဖြစ်နိုင်ဘူး။ ပြီးတော့ ရွေးကောက်ပွဲကို ခွဲပြီး အပိုင်းလိုက် ပြုလုပ်မယ်လို့လည်း ပြောထားတာတွေ့တယ်။ ပိုပြီးလို့တောင် ယုံကြည့်လို့မရဘူးပေါ့နော်။ ပြီးတော့ အာဆီယံကလဲ ပြောလာတာတွေ့တယ်။ ဒီချိန်မှာ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အရေးမကြီးသေးဘူး၊ အရေးကြီးတာက ဒီအကြမ်းဖက်မှုကို အမြန်ဆုံးရပ်တန့်ပြီး မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ မပါတော့ဘူးလို့ အတိအလင်း ထုတ်ပြန်ပီး သူရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်တွေ‌အတွက် အမှန်တရားပေါ်ပေါက်တဲ့အထိ တရားရင်ဆိုင်ပါ့မယ်လို့ ပြောဖို့လိုတယ်” TNP ရဲ့ အထွေထွေအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၉ ရက်မှာ TNPက ၆ လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး ပါတီဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ လေ့လာသူ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြပါတယ်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC ဟာ‌ ပြီးခဲ့တဲ့ ဇွန်လက တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းထားပြီး TLC က ဦးဆောင်ပြီးအကောင်အထည်ဖော်မယ့် ” တအာင်းပြည် တော်လှန်ရေးကာလ အစိုးရအစီအမံ”မှာ TNPကလည်း ပူပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

TNP အနေနဲ့လည်း ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ပြီး မြန်မာပြည်တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကိုပြည်သူလူထုတွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။

TNPဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၆ ဦး၊ ၂၀၁၅ ခုနှစ်က ၁၂ ဦး၊ ၂၀၂၀ ခုနှစ်မှာ ၁၂ ဦး အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အဆင့် ၅ မှာ အနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။