ဓာတ်ပုံ – Local

ပျားကြီး၊ ဇူလိုင် ၁၀၊ ရန်ကုန်

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ပျံလွန်တော်မူခဲ့ပြီး တနေ့ထဲမှာပဲ စာရေးဆရာမောင်သာချိုလည်းကွယ်လွန်ခဲ့တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

ဆရာတော်အရှင်ပညာသီဟနဲ့ ဆရာမောင်သာချို့တို့ဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တနေ့ထဲပြန်လည်လွတ်မြောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

“တကယ့်ကိုအစားထိုးမရတဲ့ဆုံးရှုံးမှုကြီးပါပဲ။ တစ်ဦးက စစ်အာဏာရှင်ကို ဓမ္မနဲ့တော်လှန်တယ်။ တစ်ဦးက ကလောင်နဲ့တော်လှန်ခဲ့ကြတယ်။ အခုတော့ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြပြီ”လို့ ဆရာတော်နဲ့နီးစပ်သူနိုင်ငံရေးသမားတစ်ဦးကရွှေဖီမြေကိုပြောပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်ရဲ့ ပဓာနနာယ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ရွှေညဝါဆရာတော်အရှင်ပညာသီဟ ဟာအာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရ နှစ် ၂၀ ပြည့်အခမ်းအနားအပါအဝင် နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အခမ်းတွေကို သာဓုကျောင်းတိုက်မှာပြုလုပ်ခွင့်ပေးခဲ့တာကြောင့်စစ်တပ်ကအညှိုးထားပြီး အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့သလို သာဓုကျောင်းတိုက်ကနေလည်း နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။

သာသနပါလဓမ္မာစရိယဘွဲ့ရ ရွှေညဝါဆရာတော်ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဟာ ထောင်ကပြန်လွတ်ချိန်မှာကျန်းမာရေးချို့ယွင်းမှုရှိခဲ့ပေမဲ့ သာသနာပြုလုပ်ငန်းတွေဆက်လက်လုပ်ကိုင်ခဲ့ပြီး မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ မန္တလေးနဲ့စစ်ကိုင်းကပြည်သူတွေကို သင်္ကြန်ကာလအတွင်းမှာကိုယ်တိုင်ကြွရောက်ကူညီပေးခဲ့ပါသေးတယ်။

အဲ့ဒီအပြင် မြန်မာစာပါမောက္ခတစ်ဦးဖြစ်သူ စာရေးဆရာမောင်သာချိုလည်း ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ စာနယ်ဇင်းအသိုင်းအဝိုင်းကဆိုပါတယ်။

အသက် ၆၇ နှစ်အရွယ် ဆရာမောင်သာချိုကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရွှေညဝါဆရာတော်၊ ဒေါက်တာမျိုးညွန့်၊ ကိုမြအေးတို့နဲ့အတူပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။