မန္တလေးတိုင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲ မစခင်မှာ မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာပတ်ပတ်လည်ကိုလည်း မြေမြှပ်မိုင်းတွေ ထောင်ထားခဲ့ပါတယ်။
ဖြူရောင်ကျေးရွာခံတွေဟာ စားဝတ်နေရေးအတွက် လက်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မီးသွေးနဲ့ ထင်းခုတ်တဲ့လုပ်ငန်းကိုလည်း အနည်းစုလုပ်ကိုင်ကြပါတယ်။
မြို့သိမ်းတိုက်ပွဲကာလအတွင်း ဒေသခံတွေက စစ်ရှောင်ခဲ့ရပြီး ပြန်လာချိန်မှာတော့ ကျေးရွာပတ်ပတ်လည်နဲ့ လက်ဖက်ခြံတွေထဲမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှပ်မိုင်းတွေရှိနေတာကြောင့် ရွာခံတွေက လက်ဖက်ခြံတွေ မရှင်းရဲသလို လက်ဖက်လည်း မခူးရဲကြပါဘူး။
ဒီမြေမြှပ်မိုင်းကြားက ဒေသခံတွေဟာ ဝမ်းစာရေးကို ဘယ်လိုဖြေရှင်းနေကြလဲဆိုတာ ဒီရုပ်သံမှာ မြင်တွေ့ကြရမှာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။