ဓာတ်ပုံ – Google

ရွှေဖီမြေ၊ ဇူလိုင် ၅ ရက်

ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကို အခြေခံတဲ့ နိုင်ငံတော်တည်ဆောက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်-PDF၊ လက်နက်ကိုင်တပ်တွေအနေနဲ့ ၎င်းတို့နဲ့ ပူးပေါင်းဖို့ စစ်ကောင်စီက ဇူလိုင် ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး ဖိတ်ခေါ်ပါတယ်။

ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးဆီကို လျှောက်လမ်းနိုင်ဖို့ဟာ စစ်ကောင်စီ​ကျင်းပမယ့် ရွေးကောက်ပွဲကနေသာ လျှောက်လမ်းနိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကို ဆက်လက်လျှောက်လမ်းမယ်ဆိုရင် နိုင်ငံတော်အတွက် အကျိုးရှိစေမှာမဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားနေမှာ ဖြစ်တယ်လို့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

ဒါကြောင့် PDF အပါအဝင် လက်နက်ကိုင်တပ်တွေအနေနဲ့ မိမိတို့ရဲ့ လက်နက်ကိုင်လမ်းစဥ်ကြောင့် လူထုတွေရဲ့ လူမှုဘဝပျက်စီးခဲ့ရပြီး တည်ငြိမ်အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲပူးပေါင်းကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဦးဆောင်ကွပ်ကဲနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီ-CRPH ကို စစ်ကောင်စီက အပစ်တင်ထားတာ တွေ့ရပါတယ်။

NUG နဲ့ CRPH ကို ၎င်းတို့ဦးဆောင်တဲ့သူကိုယ် လက်ခံထားတာမရှိဘဲ ၎င်းတို့ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် ဖွဲ့စည်းထားတာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာ လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားထားသလို အခုလို စစ်ကောင်စီက PDFတွေကို ဖိတ်ခေါ်နေတာတွေဟာ သွေးခွဲ့ဖို့သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။