ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇူလိုင် ၄ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရတနာမြေစာပုံ(အမှိုက်ပုံ)ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြိးခဲ့တဲ့ ဇူလိုင် ၂ ရက် ညနေ ၅ နာရီမှာ ရတနာမြေစာပုံ(အမှိုက်ပုံ)ကျေးရွာရဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဖားကန့်မြို့ခံ Tarlin Mg က ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူတွေက အမျိုးသား အမျိုသမီးဘယ်လောက် ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေ ပါမပါ အဲဒါ မသိရသေးဘူး။ လက်နက်ကြီကျလို့ နှစ်ဦး သေဆုံးတဲ့သူလည်း အမျိုးသားလား အမျိုးသမီးလား မသိရသေးဘူး။ အဲလို ဖြစ်စဉ်ဘဲ သိရတယ်ပေါ့နော်။ သေဆုံးသွားတဲ့ နှစ်ယောက်ကလည်း သဂြိုလ်ရမဲ့ ကိစ္စလည်း မလုပ်ရသေးဘူး။ မရှိသေးဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးကျလို့ ဒဏ်ရာရတဲ့ သူတွေဟာ မနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ဘုန်းကြီးကားနဲ့ ဆေးရုံပို့လိုက်တာလို့ သိရပါတယ်။

မနေ့ ဇူလိုင် ၂ ရက် ညနေ ၅ နာရီမှာ သေဆုံးထားတဲ့ အလောင်းကို လူမှုကူညီရေး အသင်းတွေကကောက်ဖို့ သွားတဲ့ အချိန်မှာ လက်နက်ကြီးကျအသံ ကြားတော့ မကောက်ဘဲ ပြည်လာခဲ့ရတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးဆီက သိရပါတယ်။

“မနေ့ည အမှိုက်ပုံဘက်မှာ ၃ ရက်လောက် သေဆုံးနေတဲ့ အလောင်းကို သွားကောက်ဖို့ အကူအညီတောင်းတယ်။ လူမှုကူညီရေးတွေ ကောက်ဖို့သွားတာ။ ဖားကန့်အထွက်က စစ်တပ်ဂိတ်အကျော်မှာ ရွံ့ဆိုတဲ့ အသံကြားပြီးတော့ ခနဘဲ ကျကွဲသွားတာတဲ့။ အနောက်ပြန်မဆုပ်ဘဲနဲ့ အရှေ့တည့်တည့်သွားလိုက်တာတဲ့။ အဲအလောင်းလည်း မကောက်တော့ဘူး။ ထင်တာတော့ သူတို့ပစ်လိုက်တဲ့ အလုံးက ကျောင်းမှာ သေဆုံးတဲ့ ဒဏ်ရာရတဲ့ သူတွေ ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။

လက်ရှိ ဖားကန့်မှာ ထိတွေ့တိုက်ပွဲမဖြစ်ပေမဲ့ မကြာခဏ ပစ်တဲ့အသံတွေတော့ ကြားနေရတယ်လို့ သူက ပြောပါတယ်။ လုံးခင်းဘက်မှာလည်း ဇူလိုင် ၂ ရက် ညနေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။