မိုင်းပန်ပျော်၊ ဇူလိုင် ၃ ရက်၊ ဖားဆောင်း
လေ့ကျင့်ရေးပျံသန်းပြီး ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်ဟာ ကရင်နီပြည်နယ် ဖားဆောင်းမြို့အနီးမှာ အပျက်အစီးတွေနဲ့ တွေ့ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။
ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဟာ ဖားဆောင်းမြို့အနီးမှာ ကျခဲ့တာလို့ ကရင်နီအမျိုးသားကာကွယ်ရေး-KNDF ဒုစစ်ဦးချုပ်မာဝီက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေး-KNDFရဲ့ ဒုစစ်ဦးစီးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ”အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်သည်။ ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည်။ ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်” လို့ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ညခရီးဝေးလေ့ကျင့်ရေး ပျံသန်းနေတဲ့အချိန် နေပြည်တော်ရဲ့ ၁၃၀ ကီလိုမီတာအကွာအဝေးမှာ ရေဒါကနေပျောက်ဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။