စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ဒဏ်ရာရသူတွေထဲမှာ ရှမ်းမြောက် ကျောက်မဲမြို့က ဒေါ်မြတ်သီတာတို့ရဲ့ မိသားစုလည်း ပါဝင်ပါတယ်။
ဗုံးစတွေဟာ ဒေါ်မြတ်သီတာရဲ့ နဖူး ထိမှန်ခဲ့သလို သားဖြစ်သူကိုလည်း ထိမှန်ပြီး လက်ချောင်း ၃ ချောင်း ဖြတ်ခဲ့ရပါတယ်။ အဲနောက်ပိုင်းမှာ လေယာဉ်သံကြားတိုင်း ဒေါ်မြတ်သီတာတို့ စိုးရိမ်ကြောင့်ကြနေကြရပါတယ်။
အခုလိုဖြစ်စဉ် ကြုံတွေ့ရပြီးနောက် ဒေါ်မြတ်သီတာအပါအဝင် တခြားသော အမျိုးသမီးတွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။