ပို့လဘား၊ ဇွန်လ ၃၀ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ဦး မိုင်းပေါက်မိရာကနေပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇွန်လ ၂၉ ရက် ညနေ ၃ နာရီခွဲမှာ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းအနီးမှာ အမျိုးသမီးတစ်ဦးက ခြံပေါက်ရာကနေ မိုင်းပေါက်မိတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ခြံက စခန်းကုန်းနဲ့ ကပ်လျက်ပဲ။ ပြောင်းဖူးစိုက်တဲ့ခြံမှာ သူမြက်သွားပေါက်တာပေါ့။ မြက်ပေါက်တဲ့အချိန် သူမိုင်းပေါက်မိလို့ ပေါက်ကွဲပြီး သူ့မျက်နှာထိသွားတယ်”လို့ ပြောပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲပြီး သေဆုံးသွားသူဟာ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ ဒေါ်အာဖိန့်ဖြစ်ပြီး ၎င်းကို ဆေးရုံသွားပို့တဲ့အချိန်မှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စားရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး၂ ဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး နောက်ထပ်ကလေး ၅ ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။