မိုင်းအရှိုင်း၊ ဇွန်လ ၃၀ ရက်၊ ရွှေဖီမြေ

တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်း- PSS ရဲ့ ကျောင်းဆင်းပွဲနဲ့ ဒီပလိုမာဘွဲ့ အပ်နှံခြင်းအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပပြီးစီးခဲ့ပါတယ်။

အဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ပြီး လူပေါင်း ၆၀၀ ဝန်းကျင် အခမ်းအနားပွဲကို တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို PSLF/TNLA ရဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗိုလ်မှူးချုပ် တားအိုမ်တမောဝ်၊ ဗိုလ်မှူးကြီး တားပန်လတို့ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘဆွေးမျိုးလည်း တက်ရောက်ခဲ့ပါတယ်။

PSLF/TNLA ရဲ့ နိုင်ငံရေးသိပ္ပံကျောင်း- PSS ကို စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၂ ဩဂုတ်လအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၁၅ ဦးနဲ့ ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ပါတယ်။

၃ နှစ်နီးပါးအကြာ ဇွန်လ ၂၅ ရက်မှာတော့ ကျောင်းသူကျောင်းသားတွေကို PSLF/TNLA က ဒီပလိုမာဘွဲ့ချီးမြှင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

၉ လကြာ လူငယ်‌ခေါင်းဆောင်မှု သင်တန်းကျောင်း TSYU ဖွင့်လှစ်မယ်

တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့- TSYU က လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်း အပတ်စဉ်(၁)အတွက် သင်တန်းသူသင်တန်းသား ၂၀ ဦး ခေါ်ယူနေပါတယ်။

တိုးချဲ့ဖွင့်လှစ်မယ့် စာသင်ကျောင်းတွေအတွက် TEI က ကျောင်းဆရာ၊ ဆရာမတွေ ခေါ်ယူနေ

တအာင်းပညာရေးအင်စတီကျူ့ TEI မှ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမ ၆၅ ဦး ခေါ်ယူနေတယ်လို့ သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TLEC က ဆရာဆရာမ (၁,၅၀၀)ကျော် ခေါ်ယူ‌နေ

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက် တအာင်းပြည် ပညာရေးကောင်စီ- TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာဆရာမ (၁,၅၀၀)ကျော်…

TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းရဲ့ စုံညီပွဲတော်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ စုံညီပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။