ဓာတ်ပုံ – CJ

ပျားကြီး၊ ဇွန်လ ၂၉ ရက်၊ မင်းကွန်း

စစ်ကိုင်းတိုင်း မင်းကွန်းဒေသအတွင်းမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသတခုလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဧရာဝတီမြစ်အတွင်းက စစ်သင်္ဘောတွေနဲ့ လေယာဥ်တွေက အဲဒီစစ်ကြောင်းကို လိုက်လံကူညီပေးနေတာ ဖြစ်ပါတယ်။

“ရွာစဥ်တလျောက်လုံး စစ်ကြောင်းထိုးနေတာပေါ့။ အိမ်တွေထဲဝင် တွေ့တာယူ။ ပြီးရင် မီးရှို့။ ဘုန်းကြီးကျောင်းတွေပါ မချန်ဘူး။ အကုန်ဝင်၊ အကုန်ယူပဲ။ ရေကလည်း တက်နေတော့ ပြေးရတာ အဆင်မပြေဘူး။ အရမ်းဒုက္ခရောက်တယ်” လို့ ကင်းကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ဘုန်းတော်ကြီးကျောင်းတွေကိုပါ ဝင်ရောက်မွှေနှောက် ရှာဖွေမှုတွေ ပြုလုပ်နေတာကြောင့် မင်းကွန်းဆရာတော်ကြီးရဲ့ တိပိဋကနိကာယကျောင်းတိုက်က စာဖြေသံဃာတော်တွေအပါအဝင် ဒေသတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ ကျော်က ရဟန်းသံဃာတွေ အားလုံးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံဆရာတော်ကြီးတစ်ပါးက မိန့်ပါတယ်။

လက်ရှိအချိန်မှာ မင်းကွန်းတောင်ရွာ၊ မြောက်ရွာ၊ ရှားရောင်း၊ ကင်း၊ ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်း၊ ရွှေဂဲပျံ၊ အိုင်းဒိုင် စတဲ့ကျေးရွာတွေအပါအဝင် ဒေသတွင်းက ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီမြစ်ကမ်းတလျောက် မြောက်ဖက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီဟာ စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျောက်က ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကြောင့် လက်ရှိအချိန်မှာ ရှားရောင်း၊ ကင်း၊ ချောင်းမကြီးနဲ့ အုန်းသဇင်ကျေးရွာတွေက အိမ်ခြေပေါင်း ၅၀၀ ကျော်ဟာ မီးလောင်ပျက်စီးခဲ့ရတာ တွေ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။