ဓာတ်ပုံ – Kyaw Kyaw Aung

မိုင်းရူပ၊ ဇွန်လ ၂၉ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေကျေးရွာက လုပ်ကွက်ဟောင်းမှာ အမျိုးသားတစ်ဦး မြေစာပုံပိမိရာကနေ ရေကန်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ဖားကန့်မြို့နယ် ကုဋေကျေးရွာရှိ မြယမုံလုပ်ကွက်ဟောင်းမှာ ရေမဆေးအလုပ်သမား ၂ ဦးဟာ ကျောက်ရှာဖွေနေစဥ် မြေစာပုံပိမိပြီး အဲထဲက အမျိုးသားတစ်ဦးက ရေကန်ထဲခုန်ချတာကြောင့် အသက်ဘေးက နေလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“မြေစာပြိုကျတဲ့အချိန်မှာ ၂ ဦးပေါ့။ သူဟာနဲ့သူ ရေကန်ထဲကို ခုန်ချနိုင်တာပေါ့။ သူက လွတ်သွားတယ်။ ဒဏ်ရာတော့ ရတယ်။ သေတဲ့ရုပ်အလောင်းကတော့ မြေစာပုံပိတဲ့အချိန် မပြေးနိုင်လို့ မြေစာထဲပါပြီး ရေကန်ထဲ ထိုးကျသွားတာ။ အဲနေ့က မိုးလည်း တအားရွာနေတယ်” လို့ ဖြစ်စဥ်ကိုသိရှိသူ ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ဒီနေ့ ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာ ၎င်းရဲ့အလောင်းကို လူမှုကူညီရေးအဖွဲ့တွေက သွားရောက်သယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ရှိ ကျောက်လုပ်ကွက်တွေမှာ မြေစာပုံပိမိပြီး အခုလို သေဆုံးတာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်မှာလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာမှာ နွံကန်ပေါက်ကျပြီး သေဆုံးသူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။