ပို့လဘား၊ ဇွန်လ ၂၇ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်-PSLF/ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံတွေ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဇွန်လ ၂၆ ရက် ည ၁၀ နာရီခွဲမှာ မိုးစရွာခဲ့တာဖြစ်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်နဲ့ မင်းတံတားရပ်ကွက်မှာ ရေကြီးရေလျံမှုတွေဖြစ်ပွားပြီး နေအိမ်တွေထဲမှာလည်း ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“မနေ့ညမှာပဲ မိုးစရွာတာ မိုးအရမ်းကြီးပြီး ဒီမနက်အထိ ရွာတာဆိုတော့ ရေကကြီးလာတာ။ မြေပြိုတာလည်း ရှိမယ်ထင်တယ်။ အကုန်မကြည့်ရသေးဘူး။ နေအိမ်ထဲမှာလည်း ရောက်နေပြီ။ အခုတော့ရေနည်းနည်းကျလာပြီ။ အကုန်တော့မကျသေးဘူး”လို့ ပြောပါတယ်။
မိုးကုတ်မှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေ တစ်နှစ်တစ်ခါ ကြုံနေရတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။