ဓာတ်ပုံ- နာမှုကူညီရေးအသင်း(အောင်ပန်း)

အင်းငယ်၊ ဇွန် ၂၅

ရှမ်းပြည်တောင်ပိုင်းမှာ မနေ့ ဇွန် ၂၄ နယုန်လကွယ်နေ့ တစ်ရက်တာအတွင်း ယာဉ်မတော်တဆမှု ၃ ခုအထိ ဖြစ်ပွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတွေ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ သရက်ပုကျေးရွာ ကျေးလက်ကျန်းမာရေးရုံးရှေ့၊ အောင်ပန်း – တောင်ကြီးလမ်းမှာ မနေ့ည ၈ နာရီခန့်က ဆိုင်ကယ်တစ်စီးကို ကားတစ်စီးက ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ကောင်မလေးက ကားနဲ့ချိတ်မိပြီး အဝေးကို လွင့်သွားတာ။ ပွဲချင်းပြီးပဲ။ကောင်လေးက မြစ်သား။ ကောင်မလေးတော့ မသိဘူး။ ကောင်လေးကို အောင်ပန်းဆေးရုံ ပို့လိုက်တယ်။ ၂ ယောက်ခိုးပြေးလာတာလို့ ပြောတယ်။ ဆိုက်ထဲမှာတူတူ လုပ်ကြတာ” လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောပါတယ်။

ယာဉ်မောင်းသူဟာ အခင်းဖြစ်နေရာကနေ ကားကိုထားခဲ့ကာ ချက်ချင်း ထွက်ပြေးသွားပြီး တိုက်မိတဲ့ ကားကလည်း လိုင်စင်မဲ့ ဖြစ်နိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

အလားတူ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးဂိတ် အနီးမှာ မနေ့ည ၁၀ နာရီခွန့်ကလည်း ၆ ဘီးကား တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ညာဖက်မှာ ရပ်ထားတဲ့ ၂၂ ဘီး ကားတစ်စီးကို ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြတ်သွားဖြတ်လာ တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက “တိုက်ခံရတာ ကျောက်မီးသွေး တင်တဲ့ကား။ သူ့သူ ရပ်ထားတာကို ဝင်တိုက်သွားတာ။ ယာဉ်မောင်း ဒဏ်ရာရတယ်။ တောင်ကြီး စဝ်စံထွန်းကို ချက်ချင်း ပို့လိုက်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ စဝ်စံထွန်းဈေး မြောက်ဘက်နေရာမှာလည်း မနေ့ည ၆ နာရီခန့်က ဆိုင်ကယ်တစ်စီးကို တွဲကားတစ်စီးက ဝင်တိုက်ခဲ့တယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ဖြစ်စဉ်အတွင်း ဆိုင်ကယ်ကို ၃ ဦး စီးနင်းလာပြီး ဆိုင်ကယ်မောင်းသူနဲ့ နောက်လိုက် တစ်ဦးဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကျန်တစ်ဦးကတော့ ထိခိုက်မှု မရှိဘူးလို့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ဟာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာကလွဲပြီး ပုံမှန်တာဝန် ထမ်းဆောင်တာမျိုး မရှိတာကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။