မန္တလေးတိုင်း မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မိုင်းမင်းရဲနော်ဟာ ခြံဝင်းရှင်းရင်း စစ်ကောင်စီတပ် ထောင်ထားတဲ့ ရှော့တိုက်မိုင်း ဆွဲမိပြီး လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပါတယ်။
မိသားစု စားဝတ်နေရေးအတွက် မိုင်းမင်းရဲနော်ကိုသာ အဓိက အားထားနေရတာဖြစ်ပြီး မိုင်းမင်းရဲနော် လက်တစ်ဖက် ဆုံးရှုံးသွားပြီးနောက်မှာတော့ မိသားစုအတွက် စားဝတ်နေရေးအခက်အခဲ ဖြစ်လာပါတယ်။
စစ်နဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တဲ့ မိုင်းမင်းရဲနော်ရဲ့ မိသားစုအကြောင်းကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။