ဓာတ်ပုံ – နွားထိုးကြီး PDF

ယာရူစိင်၊ ဇွန်လ ၂၅ ရက်၊ နွားထိုးကြီး

မန္တလေးတိုင်း နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF က ဇွန်လ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် မနက်ပိုင်းအချိန်မှာ ဝက်လူးရဲစခန်းဘက် စစ်ကူလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ဟာ ၂ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက”စစ်ကောင်စီဘက် အင်အား ၁၄၀ ဝန်းကျင်လောက်ရှိပါတယ်။ ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားတာဆိုတော့ ဒေသခံတွေ ရှောင်ရတာပေါ့။ အခု စစ်ကြောင်းက ထွက်သွားပြီဆိုတော့ ဒေသခံတွေ နေရပ်ပြန်လာကြတာ များပါတယ်။ လက်ရှိတော့ တိုက်ပွဲအခြေအနေ အကုန်လုံးက ငြိမ်သွားပါပြီး”လို့ ပြောပါတယ်။

စစ်တပ်ဘက် တပ်မ ၈၈ က ဒုတပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်တပ် လက်အောက်ခံ ရဲတပ်သား ၁ ဦးလည်း လက်နက်နဲ့အတူ အလင်းဝင်လာခဲ့သလို မတရားပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က စစ်တပ် လက်အောက်ကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ G-3 ကျည် ၉၂ တောင့်၊ 5.56 ကျည် ၁၅၀၀ တောင့်၊ M9 ၁၂ လုံး၊ ၆၀ မမ ၈ လုံး၊ ၆၀ မမ ဒေါက် ၁ ခု၊ RPG အဖူး ၂ ဖူး၊ RPG ပို့ကျည် ၂ တောင့်၊ နင်းမိုင်း ၁၄ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Drone Shooter ၁ လက်နဲ့ ကျည်ဘောက် ၆ ဘောက်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲကို ၉/အညာမြေစစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ တံတားဦး ပကဖတပ်တို့က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။