ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLF/DPLA ရဲ့ အပတ်စဉ် ၆ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ DPLF က သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို DPLFရဲ့ ဥက္ကဌ ဦးထွန်းထွန်းနိုင်က တက်ရောက်ပြီး အမှာစကားပြောကြားကာ ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို ကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ပြောကြားသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
DPLF/DPLA ဟာ လက်ရှိနောင်ချိုမှာ တအာင်းတပ်- TNLA နဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သလို ရှမ်းတောင် ရပ်စောက်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အခု သင်တန်းဟာ ၃လကြာ အခြေခံ စစ်သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးသွားတဲ့ ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့ပြီး သင်တန်းသားဦးရေကိုတော့ မဖော်ပြထားပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။