ဓာတ်ပုံ- Google (ပုံဟောင်း)

ရဲမာန်၊ ဇွန်လ ၂၂ ရက်၊ ဒီးမော့ဆို

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်ဦး- KNPLF နဲ့ ဒီးမော့ဆို PDF ပူးပေါင်းပြီး ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စက်သုံးဆီဈေးနှုန်းကို သတ်မှတ်လိုက်ကြောင်း မနေ့ ဇွန်လ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေက ရှိသင့်တဲ့ ဈေးနှုန်းထက် အဆမတန် များတာကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဒေသခံလူထု၊ လက်လုပ်လက်စား၊ အထွေထွေ အလုပ်သမား၊ လယ်သမားနဲ့ ဆေးရုံဆေးခန်း ဝန်ထမ်းတွေ အခက်အခဲ ကြုံနေရတာ‌ကြောင့် စက်သုံးဆီ ဈေးနှုန်းကို ထိန်းညှိပေးဖို့ မကြာခဏ တိုင်ကြားလာတာ‌ ရှိတယ်လို့ ဆိုပါတယ်။

မူရင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းရဲ့ ရင်းနှီးမြှပ်နှံမှု၊ အခွန်အခနဲ့ အမြတ်ငွေအားလုံးကို အနီးစပ်ဆုံး တွက်ချက်ပြီးမှ ဓာတ်ဆီ ၁ ပီပါကို ၁၁ သိန်း၊ ဒီဇယ် ၁ ပီပါကို ၁၂ သိန်း သတ်မှတ်လိုက်ပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုရောင်းရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒီနေ့ ဇွန်လ ၂၂ ရက်ကစပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဆီကုန်သည်တွေ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း တင်သွင်းရောင်းချပေးဖို့ အသိပေး ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်ပွဲကြောင့် ဓာတ်ဆီ စီးဆင်းမှု နည်းပါးလာပြီး ဇွန်လ ၁၇ ရက်က ဓာတ်ဆီ ၁ လီတာကို ၈ ထောင်နဲ့ ၁ သောင်းကြား ပေးပြီးတော့ ဝယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။