ဓာတ်ပုံ- ကိုသံမဏိ

လွေးထွေး၊ ဇွန်လ ၂၂ ရက်၊ စဉ့်ကူး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇွန်လ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပန်လှရွာ သစ်တောရုံးအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၈၀ ခန့်အရွယ် အဖွားအိုတစ်ဦး ခြေထောက်မှာ ဒဏ်ရာ ရခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “တိုက်ပွဲ လုံးဝ မဖြစ်ပါဘူး။ ဘာတပ်စခန်းမှ မရှိသလို တော်လှန်ရေးတပ်လည်း မရှိပါဘူး။ တမင်တကာကို လူထုရှိတဲ့နေရာ ကြဲတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ နေရာဒေသကို ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်နေတာကြောင့် လူထုတွေအနေနဲ့ လေကြောင်းအန္တရာယ် ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း အထက်ပါအမျိုးသားက တိုက်တွန်းပြောဆိုထားပါတယ်။

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပြီး ဇွန်လ ၁၈ ရက်ကလည်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းကို ဗုံးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး မန္တလေး PDF၊ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။