ယာရူစိင်၊ ဇွန်လ ၂၂ ရက်၊ ကျုံဒိုး

ကရင်ပြည်နယ် ကျုံဒိုးမြို့ဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နဲ့မွန် တော်လှန်ရေး ပူပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃၀ ဦး သေဆုံးပြီး တပ်ရင်းမှူးနဲ့ 2IC အဆင့် ဗိုလ်မှူးအပါအဝင် ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မွန်တပ်တော်- MLA က မနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူဖို့လာတဲ့ စစ်ကောင်စီ တပ်မ ၄၄၊ ၅၅ နဲ့ ကရင်နဲ့မွန် တော်လှန်ရေး ပူးပေါင်းတပ်တို့ ၇ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က အင်အား ၆၀၀ နီးပါးနဲ့ ကျုံဒိုးမြို့ဘက် စစ်ကူ လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရာမည မွန်တပ်တော်- RMA ရဲ့ ဒုစစ်ရေးချုပ် ဗညားမင်းကံစီက ရွှေဖီမြေကို ပြောပါတယ်။

“ဒီတိုက်ပွဲက မြို့နဲ့ရွာရဲ့ကြားမှာ ဖြစ်တာဆိုတော့ အနီးရှိ ရွာခံတွေတော့ ရှောင်ရတာပေါ့နော်။ စစ်ကောင်စီဘက်ကတော့ မကြာခဏ ထိုးစစ်ဆင်လာတာ ရှိတယ်။ ကျုံဒိုးမြို့ မကျအောင် စစ်ကောင်စီက အဆက်မပြတ် တိုးလာတာ။ သူတို့ တိုးလာတိုင်းလည်း ကျနော်တို့က အကောင်းဆုံး ပြန်ပြီး ခုခံကာကွယ်လိုက်နိုင်တာပေါ့”

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန် MA-1၊ MA-2၊ RPG၊ RPG သီး၊ RPG ပို့ယမ်း၊ 60mm commando၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံနဲ့ ကျည်ကာဦးထုပ်တွေ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကို ကရင်တပ်မတော်- KNU/KNLA က ဦးဆောင်ပြီး RMA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။