ရဲမာန်၊ ဇွန်လ ၂၂ ရက်၊ ပင်လယ်ဘူး
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် အင်္ဂါးရွာက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဇွန်လ ၂၀ ရက် နေ့လယ် ၃ နာရီခန့်မှာ တံတားဦး လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံး ၂ လုံး ကြဲတိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦး သေဆုံးကာ ကလေး ၃ ဦးနဲ့ အသက် ၂၁ နှစ်မှ ၄ဝ ကျော်အရွယ် အမျိုးသား ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ကျောင်းက ပိတ်ထားတာပါ။ ဆရာမတွေနေတဲ့ ဝန်ထမ်းအိမ်ရာကို မှန်ပြီးတော့မှ အနီးအနားက အိမ်က ကလေးတွေကို မှန်သွားတာပါ”
သေဆုံးသွားတဲ့ ဆရာမဟာ ကိုယ်ဝန်သည်ဖြစ်ပြီး ဒဏ်ရာရသူ ကလေး ၃ ယောက်ဟာ ၁ဝ နှစ်အောက် ကလေးတွေဖြစ်တယ်လို့ ၎င်းဒေသခံက ဆက်ပြောပါတယ်။
၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲမှာ ပင်လယ်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင် ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။