ဓာတ်ပုံ – The Kokang

မိုင်းပန်ပျော်၊ ဇွန်လ ၁၈ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုထဲက အမျိုးသား ၂ ဦးကို ကိုးကန့်တပ်-MNDAA တပ်က သူခိုးလို့စွပ်စွဲပြီး ဖမ်းဆီးသွားတာ ၁ လကျော်တဲ့အထိ ပြန်လွှတ်လာတာမရှိသေးဘူးလို့ နီးစပ်တဲ့ မိသားစုဝင်တွေထံက သိရှိရပါတယ်။

MNDAA တပ်က အဲအမျိုးသား ၂ ဦးကို ဖမ်း‌ဆီးသွားတာဟာ ခိုင်လုံတဲ့သက်သေ မရှိတဲ့အပြင် ဖမ်းဆီးထားတဲ့ အတောအတွင်းမှာလည်း အဆက်အသွယ်ပေးမလုပ်တာကြောင့် ‌မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်

“သူတို့(MNDAA) ဖမ်းပြီး နမ့်ဖတ်ကာမှာ သွားထားတာ။ သွားတွေ့လို့လည်းမရဘူး။ ဆက်သွယ်လို့လည်းမရဘူး။ အခုဆိုရင် ၁ လတောင်ကျော်ပြီ။ သူတို့ ဘာလုပ်မလဲမသိဘူး။ သူတို့ဖမ်းသွားတာ သက်သေခိုင်လုံလားဆိုလည်း မဟုတ်ဘူး။ ဒီတိုင်းသူများတိုင်လို့ လာဖမ်းသွားတာ။ တိုင်တဲ့လူတွေသွားမေးကြည့်တော့လည်း သူတို့မတိုင်ဘူးလို့လည်းပြောသေးတယ်”

အဲဒီအမျိုးသား ၂ ဦးကို MNDAA တပ်က သေဒဏ်ချမှတ်မယ်လို့ သတင်းတွေထွက်ပေါ်‌နေတာကြောင့် မိသားစုဝင်တွေက သေဒဏ်ချမှတ်မှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

အဲအမျိုးသား ၂ ဦးဖမ်းခံရတာနဲ့ပတ်သက်ပြီး မိုင်းဝီးမြို့နယ်က သက်ဆိုင်ရာတာဝန်ရှိသူတွေဆီလည်း အကြောင်းကြားပြီးဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ အဲဒီအမျိုးသား ၂ ဦးကို ကွတ်ခိုင်မြို့နယ် ဟိုရီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ်ကို ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက MNDAA တပ်ကို တိုင်ကြားခဲ့ပြီးနောက် လာရောက်ဖမ်းဆီးသွားခဲ့တာလို့ စယ်နေကျေးရွာ‌ဒေသခံအမျိုးသားတစ်ဦးက‌ ရွှေဖီမြေကို ပြောပါတယ်။

အခုလက်ရှိ ဖမ်းဆီးခံရတဲ့ အမျိုးသား ၂ ဦးဟာ ၁ ဦးက စယ်နေကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး နောက်ထပ် ၁ ဦးက ဟိုတီးကျေးရွာခံဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။