ပို့လဘား၊ ဇွန်လ ၁၈ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ လိုင်စင်မဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို စတင်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့လက်အောက်ခံ ယာဉ်ထိန်းရဲတွေက ဒီနေ့ ဇွန်လ ၁၈ ရက်မှာ စတင်ဖမ်းဆီးတာဖြစ်တယ်လို့ တန့်ယန်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“W (လိုင်စင်မဲ့) ကားတွေ ဖမ်းနေတော့ လူတွေပါ ရှင်းနေတာ။ တစ်မြို့လုံး အပြင်မထွက်ရဲကြတော့ဘူး။ မသိတဲ့သူတော့ ထွက်တယ်။ “ဝ”ကားတွေကျ သူတို့တားတောင် မတားရဲဘူး။ သူတို့နဲ့ သူတို့ဝန်ထမ်းတွေလည်း စီးနေတာပဲ။ အဲဟာတွေကိုကျ သူတို့မဖမ်းဘူး။ ပြည်သူလူထုတွေကိုကျ ဖမ်းနေတယ်။ သူတို့ဖမ်းမိရင် သိမ်းမယ်တဲ့။ အကောင်းတွေပဲ ရွေးဖမ်းနေတာ။ တစ်ပတ်ဖမ်းမယ်လို့ ပြောတာပဲ”

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကနေ ဇွန်လ ၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ ရှမ်းတောင် တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ စတဲ့မြို့တွေမှာလည်း သံယာတော်တွေအပါအဝင် ဒေသခံတွေစီးတဲ့ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။