ဓာတ်ပုံ – CJ

အင်းငယ်၊ ဇွန် ၁၇၊ ကရင်နီ

ကယား(ကရင်နီပြည်)မှာ ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တွေက အင်အား ၄ သောင်းကျော်နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ၄ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တို့ကနေ တိမ်းရှောင်လာတာဖြစ်ပြီး လက်ရှိမှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်လည်း စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

မြေပြင် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက“အများစုကတော့ တောထဲတောင်ထဲမှာပေါ့။ စစ်ရှောင်စခန်းတွေမှာလည်း များတယ်။ နီးစပ်ရာ ဆွေမျိုးတွေနား ရှောင်ကြတာလည်း ရှိတယ်။ စခန်းလိုက် ရွှေ့ရတာတွေလည်းပါတော့ အကူအညီအများကြီးလိုအပ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် တစ်လစာ စားနပ်ရိက္ခာ၊ ယာယီတဲ ဆောက်လုပ်ဖို့အတွက် အမိုး၊ အကာတွေ လိုအပ်နေပြီး ခန့်မှန်းခြေ ဒေါ်လာတစ်သန်းကျော် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင် အိမ်ထောင်စု တစ်သောင်းခွဲကျော်ခန့်ထဲမှာ ၁၈ နှစ်အောက်ကလေး၊ ၆၀ ဝန်းကျင်အရွယ်နဲ့ မသန်စွမ်းအရေအတွက်ဟာ စုစုပေါင်း တစ်ဝက်ကျော်ခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

၁၁၁၁ စစ်ဆင်ရေးကစပြီး လက်ရှိချိန်အထိ စစ်ဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက “ဖယ်ခုံ၊ မိုးဗြဲဖက်ကို ထိုးလာကြတော့ အကုန်လုံး ရှောင်ကြတာ။ အဲကလူတွေက ဒီးမော့ဆိုရောက် ဒီးမော့ဆို ထပ်ထိုးတော့ ထပ်ရှောင်ကြပေါ့။ မိုးတွင်းကာလ စစ်ရှောင်ရတာ တော်တော်ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

မနေ့ ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်ကလည်း ဖယ်ခုံမြို့နယ်၊ လအိကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ၅ လုံးအပြင် ဒရုန်းနဲ့ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအနီး တစ်ဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မြေပြင်အခြေအနေအရ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းနေရာ၊ မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး ဘော်လခဲမြို့နယ်ကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ စုံစမ်းသိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။