ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၁၅ ရက်၊ ကျုံဒိုး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် ကော့ဘော်ကျေးရွာမှာ ရက်လည်ပြုလုပ်တဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျပေါက်ကွဲလို့ ကလေး ၂ ဦး၊ မိခင် ၁ ဦး နဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တယ် ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့် အိမ်ဘေးက ရေတွင်းမှာ ရေချိုးနေစဉ်အတွင်း လက်နက်ကြီး ကျရောက်ခဲ့တာလို့ ဒေသခံအမျိုးသမီး က ပြောပါတယ်။

“အခုလည်း ရွာပြန်မ၀င်ရဲကြဘူး။ တချို့ဆို တခြားရွာမှာ သွားနေ နေရတယ်။ညလည်း မအိပ်ရဲဘူး။ တခြားရွာကို ဆိုင်ကယ်သွားလိုက် မနက်ကျရင် အိမ်ကို ပြန်လာကြည့်လိုက် သွားသွားလာလာ လုပ်နေရတယ်။တချို့ဆို ဘားအံဘက်ကို ပြောင်းသွားကြတယ်”လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေး ၂ ဦး ဟာ ယောက်ကျားလေး ၁၀ နှစ် ၊ မိန်းကလေးက ၅ နှစ်တို့ ဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးကတော့ ၎င်းတို့ရဲ့ မိခင်ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကော့ဘော်ရွာ နဲ့ မနီးမဝေးနေရာမှာတော့ တိုက်ပွဲခဏခဏ ဖြစ်ပွါးလေ့ရှိပြီး ရွာမှာတော့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် နေ့လည် ၂ နာရီခန့်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပန်ရပ်ကျေးရွာမှာလည်း စာသင်ကျောင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် ကလေး ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။