ဓာတ်ပုံ- စစ်ကောင်စီ

လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၅ ရက်၊ အင်တော

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ရွာခံအားလုံးကို မောင်းထုတ်ပြီး ရွာထဲ တပ်စွဲထားတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်မှာ အိမ်ခြေ ၂၅၀ ရှိတဲ့ လွယ်ဟောင်းရွာထဲ စစ်တပ် စတင်ဝင်ရောက်လာတာနဲ့ သေနတ် ဖောက်ပြီး ကလေးငယ်အပြင် သက်ကြီးရွယ်အိုတွေကိုပါ ဘုန်း‌ကြီးကျောင်းမှာ စုခိုင်းခဲ့တာလို့ ၎င်းဒေသခံက ပြောဆိုပါတယ်။

“စဝင်လာတာနဲ့ သေနတ် ပစ်လာတာ။ အကုန်လုံး ဘုန်းကြီးကျောင်းမှာ လာစုခိုင်းတာ။ ကလေးတွေ အဘိုးအဘွားတွေအကုန်ဘဲ။ ရွာထဲ တစ်ယောက်မှ မရှိတော့ဘူး။ ကျောင်းမှာ ၃ ရက် ခေါ်ထားတာ။ ၃ ရက်မြောက်နေ့မှာ ရွာအပြင် မောင်းထုတ်တာ။ တစ်ယောက်မှ ရွာထဲ နေလို့ရဘူးတဲ့။ အခုချိန်ထိ ရွာထဲ ဝင်လို့မရဘူး”

စစ်တပ်ဟာ ရွာခံတွေကို မောင်းထုတ်ပြီး ရွာထဲ တပ်စွဲထားတာအပြင် ရွာခံတွေရဲ့ တန်ဖိုးရှိပစ္စည်း ရွှေ၊ ငွေ ခိုးယူပြီးတော့ မလိုအပ်တဲ့ ပစ္စည်းတွေကို မွှေနှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျောင်းမှာ ၃ ရက် နေခိုင်းတာ။ ကိုယ့်အိမ်ကို ဆန် သွားယူဖို့ ခွင့်တောင်းပြီး ပြန်တာတောင်မှ ဆဲခံရတယ်။ အိမ်ရောက်တော့ သူတို့ပစ္စည်းတွေ အကုန်မွှေထားတာ။ ရွှေငွေတွေ ယူသွားတယ်။ တန်ဖိုး ရှိပြီဆိုရင် ယူသွားပြီ။ သူတို့မလိုချင်တဲ့ ဆန်တွေ စပါးတွေတော့ ဒီအတိုင်း ပစ်ထားတာ။ မောင်းထုတ်ကတည်းက ဘာပစ္စည်းမှ ယူချိန်မရဘူး။ ဘုန်းကြီးကျောင်းကနေ တန်း‌မောင်းထုတ်တာ”

အလားတူ တခြားဓနုကျေးရွာမှာလည်း အခုလိုပုံစံနဲ့ ရွာခံတွေကို မောင်းထုတ်ပြီး ရွာထဲ တပ်စွဲထားတာ ရှိတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်က လွယ်ဟောင်းရွာမှာ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာ ရခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။