ဓာတ်ပုံ- Local

ရဲမာန်၊ ဇွန်လ ၁၃ ရက်၊ ဟိုပုံး

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မြို့ဦးကွက်သစ် နယ်မြေ ၁ မှာ မိုးကြီးလို့ အုတ်တံတိုင်းနဲ့ လမ်းတွေ ပြိုကျပျက်စီးနေတယ်လို့ ဒေသခံ အမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ဇွန်လ ၁၁ ရက် ညပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မနေ့ ဇွန်လ ၁၂ ရက် မနက် ၁ နာရီခန့်က အိမ်တွေထဲ ရေ စ၀င်ခဲ့ပြီး အိမ်တိုင်းနီးပါးလည်း အုတ်တံတိုင်း ပြိုကျကာ လမ်း‌တွေမှာ ရေလျှံနေတယ်လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

“အရင်နှစ် မိုးကြီးတုန်းကထက် ဒီနှစ်က ပိုဆိုးတယ်။ အရင်နှစ်က ညနေခင်းအချိန် ဒီနှစ်ကတော့ ညဖက်ဆိုတော့ ပိုဆိုးတယ်” လို့ ၎င်းက ပြောပါတယ်။

‌ဒီနှစ်မိုးက ပိုကြီးပြီး ရေ‌တွေလည်း ပိုကြီးတဲ့အတွက် မြောင်းနဲ့လမ်းပေါ်‌သာမက အိမ်‌တွေထဲ ၀င်လာပြီး အုတ်တံတိုင်းနဲ့ လမ်း‌တွေ ပြိုကျပျက်စီးတဲ့အဆင့်ထိ ရောက်လာတယ်လို့ သူမက ပြောပါတယ်။

မနှစ်က မိုးကြောင့် ပျက်စီးသွားတဲ့ လမ်းနဲ့မြောင်းတွေကို ပြင်ဆင်ထားပေမဲ့ ရေအား သန်တာကြောင့် အကုန်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ စက်တင်ဘာ ၁၀ ရက်ကလည်း ရာဂီမုန်တိုင်းကြောင့် ဟိုပုံးမြို့နယ်ထဲက ကျေးရွာ ၂၅ ရွာတွေမှာ တောင်ကျရေ လွှမ်းပြီး မြေပြိုကျတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။