ဓာတ်ပုံ – CJ (ပုံဟောင်း)

ပျားကြီး၊ ဇွန်လ ၁၃ ရက်၊ ယင်းမာပင်

ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသကနေ ကြေးနီတွေ သယ်ယူမယ့် ယာဥ်တန်းကို အကာအကွယ်ပေးဖို့အတွက် အခုလို ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“မနေ့က ဝမ်ပေါင်ထဲကို ကြေးနီသယ်မယ့် ကားတွေ ဝင်သွားတယ်။ ဒီမနက်ကျ ကျေးစာကျရွာကို တိတ်တိတ်လေးဝင်စီးပြီး ရွာထဲတွေ့သမျှ အကုန်ဖမ်းသွားတာပဲ။ ကြေးနီကားတွေ သယ်ဖို့ လူသားဒိုင်းလုပ်မယ့်သဘောပဲ” လို့ လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ပံတောင်းတောင်က ထွက်ရှိလာတဲ့ ကြေးနီတွေကို ယာဥ်တန်းတွေနဲ့ သယ်ယူရာမှာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ခံရလေ့ရှိတာကြောင့် အခုနောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ပုသိမ်-မုံရွာလမ်းပေါ်မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လုံခြုံရေး ကင်းယူထားတယ်လို့ အသက် ၅၅ နှစ်အရွယ် မျက်မြင်တွေ့သူ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကြောင်းထိုးမှုတွေ ဆက်ပြီးရှိနေသေးတာကြောင့် စီမံကိန်းဧရိယာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးစာကျ၊ အုံတုံပင်၊ ထန်းတောကြီး၊ ဒုန်းတော၊ ဂုဏ်တောစတဲ့ ကျေးရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။