ဓာတ်ပုံ- နေဇော်ထွန်း

ခိုင်လေး၊ ဇွန်လ ၁၃ ရက်၊ သီပေါ

‎တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖွင့်ထားတဲ့ မိဘမဲ့ဂေဟာကျောင်းမှာရှိတဲ့ ကလေးငယ်တွေဟာ စာသင်ကြားဖို့အတွက် စာရေးကိယာ လို‌အပ်နေတယ်လို့ နှလုံးသားပရဟိတအဖွဲ့ခေါင်းဆောင် နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

‎ကျောင်းတွေ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် မိဘမဲ့ကလေးငယ်တွေအတွက် စာအုပ် ဘောပင်အပြင် ဖိနပ်နဲ့ ကျောင်းဝတ်စုံတွေ လိုအပ်တာ‌နေတာလို့ ဆိုပါတယ်။

‎”ကလေးတွေက အားလုံးပေါင်း ၃၀ လောက်ဘဲရှိတာ။ တချို့ကလေးတွေဆို ကျောင်းတက်ဖို့ ဖိနပ်အပြည့်အစုံတောင် မရှိဘူး။ ဗလာစာအုပ်ဆိုရင် တစ်ယောက်တစ်အုပ်ဘဲ ရှိတယ်။ ကျန်းမာရေးအပိုင်းကျတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးအပိုင်းဘဲ လိုအပ်မယ်ဗျ။ ကျောင်းက သုံးကျောင်းရှိတာ။ အဲထဲမှာမှ “ရင်ခွင်မဲ့သူများ”ဂေဟာကျောင်းက ကလေးတွေအတွက် ပိုလိုအပ်တယ်ဗျ”

မိဘမဲ့ဂေဟာကျောင်းမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ အသက် ၃ နှစ်ဝန်းကျင်ကနေ ၁၅ နှစ်ဝန်းကျင်ကြားက ကလေးငယ် ဖြစ်ကြပြီး သူတို့တွေဟာ စာရေးကိရိယာအပြင် စားဝတ်နေရေးအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မိဘမဲ့‌ကျောင်းက ကလေးငယ်တွေကို ကူညီထောက်ပံ့ချင်တယ်ဆိုရင် နှလုံးသားပရဟိတအဖွဲ့သို့‎ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

‎”ရင်ခွင်မဲ့သူများ”ဂေဟာမှာ ကလေးငယ် ၃၀ နီးပါးရှိပြီး ဆုတောင်းရာအိမ်က ၅၀ ဦး၊ လီဆူ ပညာရေးဂေဟာက ၅၀ ဦးကျော် ရှိတာဖြစ်ပြီး မိဘမဲ့ကျောင်း သုံးကျောင်းစလုံးက သီပေါမြို့ထဲမှာ ရှိပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။