မြတ်နိုး၊ ဇွန် ၁၁၊ ၁၀၅မိုင်

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ၁၀၅မိုင်၊ ကျင်စန်းကျော့ နယ်စပ်ကုန်တွေအတွက် လာမယ့် ဇူလိုင်လကစ အွန်လိုင်း အခွန်စည်းကြပ်မှု စတင်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အကောက်ခွန်ဌာနက ကြေညာလိုက်ပါတယ်။

“ခါတိုင်းလို လက်နဲ့ ရေးပြီး လုပ်နေရင် ကြာလို့လေ အခုက အွန်လိုင်း စနစ်နဲ့ လုပ်မယ်လို့ သိရတယ်” လို့ နယ်စပ်ကုန်သည် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ် – မြန်မာ နယ်စပ်ဂိတ်မှာ ကုန်ကားတွေ အဝင်၊ အထွက် များလာတာကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ အကောက်ခွန်ဌာန အနေနဲ့ သွင်းကုန်၊ ထုတ်ကုန် ဂျူတီဆောင်စနစ် မြှင့်တင်ရန် ကျင်းတာ ကုန်စည်ပို့ဆောင်ရေးဌာနမှ စီမံခန့်ခွဲမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။

အွန်လိုင်းကနေ ကုန်သွယ်ခွန်ဆောင်တဲ့ စနစ်အပြင် ယာဉ်မှတ်ပုံတင် စနစ်ကိုလည်း အွန်လိုင်းစနစ်နဲ့ အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“လိုင်းကနေ ကြိုဆောင်လို့ရရင်တော့ ပိုမြန်တာပေါ့။ ဘယ်ကုန်ကို အခွန် ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ ကြေညာတာ မတွေ့ဘူး။ စနစ်တကျ သတ်မှတ်နိုင်ဖို့က မလွယ်ပါဘူး။ အသေးစိပ် လုပ်ပြီး အချိန်ယူရမယ်ထင်တယ်”လို့ ကုန်ကား ယာဉ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ကုန်သည်တွေ၊ ဂျူတီဆောင် ကုမ္ပဏီတွေနဲ့ ဂိတ်တွေအနေနဲ့ အခွန်အမြန်ဆုံးစည်းကြပ် လုပ်ဆောင်နိုင်ရန် လာမယ့် ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ ကုန်စည်ပို့ဆောင် ရေးဌာနမှာ ကုမ္ပဏီ မှတ်ပုံတင်ခြင်းနဲ့ ယာဉ်မှတ်ပုံတင်ခြင်းတွေ အပြီး လုပ်ဆောင်ရန် လိုအပ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကိုယ်တိုင် ကြိုတင် အခွန်အကောင့် ဖွင့်တာ‌တွေ၊ ယာဉ်အဝင်၊အထွက်အတွက် ကြိုတင်မှတ်ပုံတင်တာတွေနဲ့ ကတ်ပြား ထုတ်တာ‌တွေ ဆောင်ရွက်မယ်လို့ လည်း ဖော်ပြထားပါတယ်။

ယာဉ် အဝင်၊အထွက် စာရင်းတင်တာနဲ့ ကတ်ပြား ပြုလုပ်တာကို ကြိုတင် ဆောင်ရွက်ရမှာ ဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်း အခွန်ကောက်ခံ ဝန်ထမ်းတွေအနေနဲ့ ကူညီပေးတော့မှာ မဟုတ်ပဲ မိမိကိုယ်တိုင် အွန်လိုင်းစနစ်နဲ့ အခွန်ဆောင်ရမယ်လို့ ဆိုထားပါတယ်။

လက်ရှိ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက် အပါအဝင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။