မိုင်းရူပ၊ ဇွန်လ ၁၁ ရက်၊ သိန္နီ

စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ထဲကို တရုတ်လူမျိုးတွေက ဝင်ရောက်နေထိုင်တာတွေ ရှိနေတယ်လို့ သိန္နီဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်က စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် သိန္နီဒေသခံမဟုတ်တဲ့ တရုတ်လူမျိုးတွေဟာ သိန္နီမြို့ထဲကို ဝင်ရောက်လာပြီး အိမ်ခန်းနဲ့ မြေကွက်တွေ ငှားရမ်းကာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

“တရုတ်လူမျိုးတွေ နေအိမ်တွေ ငှားပြီး လာနေတာ ရှိတယ်။ သိန္နီစျေးကိုလည်း ကွမ်းလုံသွားတဲ့ဘက်က ပန့်လောရွာမှာ ပြောင်းဖွင့်ထားတယ်။ စျေးဆိုင်တွေမှာလည်း တရုတ်စာ ကပ်ထားတဲ့ ဆိုင်းဘုတ်တွေ ဖြစ်ကုန်ပြီ” လို့ သိန္နီဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ သိန္နီမြို့မဈေးကို ကိုးကန့်တပ်ဘက်က ဖြိုချလိုက်ပြီး သန္နီ-ကွမ်းလုံလမ်း ပန်လောကျေးရွာမှာ ဈေးသစ်ဆောက်ပြီး ဆိုင်ခန်းငှားခ တစ်လစာကို ၄ သိန်းကျော်အထိ ရှိနေတာကြောင့် သာမန်ဒေသခံတွေ ဆိုင်ခန်းငှားဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

သိန္နီမြို့ကို လာမယ့် စက်တင်ဘာလထဲမှာ ကိုးကန့်တပ်က စစ်ကောင်စီထံ ပြန်ပေးမယ်လို့ သတင်းတွေထွက်နေပြီး ကိုးကန့်တပ်နဲ့ နီးစပ်သူ တစ်ဦးကတော့ ကိုးကန့်တပ်ဘက် သိန္နီဆေးရုံအပါအဝင် ပြန်လည်ပြင်ဆင်တာတွေ ပြုလုပ်နေပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ရွှေဖီမြေကို ပြောဆိုပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားတဲ့ သိန္နီမြို့အဝင် တံတားကိုလည်း ကိုးကန့်တပ်ဘက်က ပြန်လည်ပြုပြင်ခဲ့ပါတယ်။

သိန္နီမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သိန္နီမြို့ဟာ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။