မိုင်းရူပ၊ ဇွန်လ ၁၀ ရက်၊ သိန္နီ

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ကနေ စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

သိန္နီမြို့ကိုလာမယ့် စက်တင်ဘာလထဲမှာ လွှဲပြောင်းပေးရမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးကတော့ လက်ရှိ သိန္နီမြို့ကနေ ပြန်ဆုတ်ဖို့ ဖြစ်နိုင်ချေနည်းတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“ဆေးရုံဆိုလဲ တိုးချဲ့လည်ပတ်ဖို့ရှိနေတယ်။ လက်ရှိဒေသဆိုင်ရာသတင်းတွေလဲ ယူနေတုန်းဆိုတော့ ပြန်ဆုတ်ဖို့တော့ မရှိသလောက်ပါဘဲ” လို့ ဆိုပါတယ်။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်ဘက်ကတော့ သိန္နီအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သိန္နီမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းခဲ့ရပြီး သိန္နီမြို့လည်း တရုတ်နိုင်ငံက ဖိအားပေးလာရင် MNDAA က စစ်ကောင်စီထံ ပြန်ပေးရနိုင်ခြေ ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သိန္နီမြို့ဟာ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။