ဓာတ်ပုံ – ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း

ခိုင်‌လေး၊ ဇွန်လ ၁၀ ရက်၊ ကောလင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဖလဲရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မနေ့ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်မှာ မြစ်ချောင်းတိုင်းကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ဖလဲရွာကို လေကြောင်းနဲ့ ပေါင် ၃၀၀ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ဝာာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

‎”ကျနော်တို့ဘက်မှာက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစ က လေကြောင်းနဲ့ တိုက်ခိုက်သွားတာပါဗျ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ‌ဦးက တစ်ဦးက သက်ကြီးပိုင် နောက်တစ်ဦးက ၁၉ နှစ်အရွယ်ပါဗျ။ အမျိုးသားကတော့ လူလတ်ပိုင်း ၃၀ ဝန်းကျင်ပါဗျ။”

‎စစ်ကောင်စီတပ်က ဖလဲရွာပေါ်ကို ပေါင် ၃၀၀ ဗုံးနဲ့ ရွယ်လယ်မှာ တစ်လုံး၊ ရွာအစွန်းမှာတစ်လုံးနဲ့ လယ်ကွင်းထဲကို တစ်လုံး စုစုပေါင်း ဗုံးသီး ၃ လုံးကြဲချတိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ဆက်ပြောပါတယ်။

‎”တိရစ္ဆာန်တွေလည်းထိတယ်ဗျ။ ဗုံးသီးက အားလုံးပေါင်း ဖလဲရွာပေါ်ကို ၃ လုံးချတာ။ ရွာလယ်ကိုတစ်လုံး ရွာစွန်းကိုတစ်လုံး လယ်ကွင်းထဲကို တစ်လုံးကျတယ်ဗျ။ ရွာလယ်ခေါင်းကို ကျတဲ့ဟာက လူထိတယ်။ နေအိမ် ၆ လုံးလည်းထိတယ်။ ရွာစွန်းမှာကျတဲ့ဟာက ဝက်ခြံပေါ်ကိုကျတာ။ အဲမှာက မွေးမြူရေးပုံစံမျိုးဆိုတော့ ဝက်တစ်ကောင်သေတယ်။ ကြက်တွေလည်း သေတာရှိတယ်ပေါ့”

‎ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချသွားခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦးလည်း ပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။