ဓာတ်ပုံ- PNLA

ပို့လဘား၊ ဇွန်လ ၉ ရက်၊ ဆီဆိုင်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ ၆ ထောင်ကျော်ကို စစ်ကောာင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ကျေးရွာအတွင်းကနေ မောင်းထုတ်နေကြောင်း ပအိုဝ်းတပ်မတော်- PNLA က ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စုထဲက တပူးထို၊ ကောင်ထို၊ လွယ်ငွန်း၊ နောင်ဗို၊ ပင်စက်ရွာ၊ တောင်ရှေ့အုပ်စုက နောင်ထောင် ၆ ရွာနဲ့ ကလားလမ်ရွာက ဒေသခံ ၆ ထောင်ကျော်ကို PNO က ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်ခွာရမယ်လို့ ပြောဆိုထားပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုတွေ အဆက်အသွယ် ပြတ်အောင် ထိစပ်မှုမရှိအောင် လုပ်ချင်နေတာ။ နောက်ပြီး ဒီလိုလုပ်တာ ပြည်သူလူထုရဲ့ ရပ်ရွာဥစ္စာပစ္စည်းတွေကို ပျက်စီးအောင် လုပ်တယ်လို့ပဲ မြင်တယ်။ သူတို့ပို့လာတဲ့ စာအရဆိုရင် ပြည်သူလူထုတွေက စစ်ရှောင်စခန်းမှာ သွားနေတာတို့ တောင်ယာဘက် သွားနေတာတို့ မပေးလုပ်တော့ဘူးလေ။ အဲဒီ‌မွေတော်ဘုရားဘက် သွားစုကြမယ်ဆိုတဲ့ အမိန့်မျိုး‌ ပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့ပြည်သူလူထုကို ဖမ်းပြီး ထောင်ထဲ ထည့်လိုက်တာ အတူတူပဲ” လို့ ပြောပါတယ်။

ကျေးရွာခံတွေ ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်ဆိုပြီးတော့ ဇွန်လ ၇ ရက်မှာ PNO ဘက်က စာပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာကနေ ထွက်သွားသူအနေနဲ့ တောင်ယာ၊ စစ်ဘေးရှောင်စခန်းဘက် သွားရောက် နေထိုင်ခြင်း ခွင့်မပြုဘဲ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာက မွေတော်ဘုရားဘက်သာ သွားရောက်ရမယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။