ရွှေဖီမြေ၊ ဇွန်လ ၉ ရက်၊ ပန်ဆန်း

‎”ဝ”နယ်စပ်ဒေသကနေ တရုတ်ဘက် မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို “ဝ”တပ်မတော်- UWSA ရဲ့ တရားစီရင်ရေး ကော်မတီနဲ့ တရုတ်အစိုးရ ပူးပေါင်းပြီး နှိမ်နင်းကာ ဖမ်းဆီးနိုင်ခဲ့ပြီး ဆေးပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးလိုက်တယ်လို့ ဝ အထူးရဲတပ်ဖွဲ့- WSP (Wa Special Police)က မနေ့ ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

‎ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နိုင်ငံခြားကတဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံထဲ ခိုးသွင်းဖို့ ကြိုးပမ်းနေတာကို သတင်းရပြီးနောက် တရုတ်နိုင်ငံအစိုးရရဲ့ သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ရဲ့ ပံ့ပိုးကူညီပေးမှုကို ရရှိခဲ့ရာ UWSA ရဲ့ တရားရေး ကော်မတီဘက်က အမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

‎မူးယစ်ဆေး အမျိုးအစားတွေဖြစ်တဲ့ စိတ်ကြွဆေးပြား ၇၂၇.၅ ကီလိုဂရမ်၊ ဘိန်း ၆.၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ အက်ဖီဒရင်း(Ephedrine) ဝ.၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ဝ.၃ ကီလိုဂရမ်နဲ့ ဆေးဝါး ၆၅ ပုလင်းတို့ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

‎”ဝ”-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မန်အာဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဆေးဝါးတွေကို မနေ့ ဇွန်လ ၈ ရက်က တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

‎ဒေသခံတွေအနေနဲ့လည်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမှာ တက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်ကြဖို့၊ မူးယစ်ဆေးဝါးကို ပူးပေါင်းတွန်းလှန်ဖို့နဲ့ မူးယစ်ဆေးဝါး ကင်းစင်ပြီး ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးကြဖို့ “ဝ”ပြည်ရဲ့ တရားရေး ကော်မတီက တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။