ဓာတ်ပုံ – Local

မြတ်နိုး၊ ဇွန် ၉၊ ဖားကန့်

ဖားကန့်မြို့နယ်၊ ဆိပ်မူရွာမှာ ဒီနေ့ ဇွန်လ ၉ ရက် မနက် စောပိုင်း ၁ နာရီ ဝန်းကျင်ခန့်က ယမ်းသိုလှောင်ထားတဲ့ ခြံဝင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲရာက ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဆိပ်မူရွာ သုဿာန်ရှေ့ မှော်လကင် အတက်လမ်းက ယမ်း သိုလှောင် ထားတဲ့ နေအိမ်ဝင်းကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချလို့ ယမ်းတင်ဆောင်ထားနဲ့ ၆ ဘီးကား ၃ စီးနဲ့ နှစ်ထပ်အိမ် မီးလောင်သွားတာ။ လူထိခိုက်မှု မရှိဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတွေက မှော်ပတ် ကုမ္ပဏီက ကားတွေ၊ ဘက်ဖိုး အဆောင်တွေကို ဆက်တိုက် မီးလိုက်ရှို့ နေတာလို့ ဆိုပါတယ်။

“ဒီမနက် အစောပိုင်း မှော်လကင်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှု ဖြစ်တယ်လို့သိရတယ်။ အဲဒီ ယမ်းတွေ မနေ့ကမှ ခွန်ဆာကုန်းကနေ ပြောင်းရွှေ့ထားတဲ့ ယမ်းတွေ ဖြစ်တယ်လို့လည်း ပြောနေကြတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့ ဇွန်လ ၈ ရက်နေ့က နေ့ခင်းပိုင်းကလည်း တောက်ပကြယ်ကုမ္မဏီမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ၈ ရက်မြှောက်နေ့မှာ ဒုတိယအကြိမ်အဖြစ် မီးရှို့ခံရတာဖြစ်ပြီး လုံးခင်း၊ ငိုပင်းမှော် လုပ်ကွက်ဟောင်းဘက် စစ်ကောင်စီက ၈ ရက်ဆက်တိုက် မီးရှို့နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်ကလည်း ဖားကန့် တပမ်ကုန်းကနေ စစ်ကောင်စီတွေက ဒရုန်းနဲ့ လုံးခင်း ခွန်ဆာကုန်းရှိ ဧရာဦးကုန်မာဆိုင်အနီးက ယမ်းဂိုဒေါင်ကို ဗုံးချ ဖောက်ခွဲခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေဆုံးကာ နေအိမ်နဲ့ အဆောက်အဦး တချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်ကလည်း ဖားကန့် မှော်စီစာ ကုမ္ပဏီ တစ်ခုရဲ့ ယမ်းဂိုဒေါင်နဲ့ ဆီဂိုဒေါင်ကို ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲချဖောက်ခွဲခဲ့လို့ ကုမ္ပဏီ၀န်ထမ်း ၃ ဦးသေဆုံးပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃၀ ကျော်နဲ့ ဘုရားကျောင်း တွေထိခိုက် ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။