ဓာတ်ပုံ – Local

ပျားကြီး၊ ဇွန် ၆ရက်၊ မန္တလေး

ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားရှိဖို့နဲ့ စီးနင်းမှုတွေမလုပ်ဖို့စစ်ကောင်စီက ပြင်းပြင်းထန်ထန်သတိပေးညွှန်ကြားထားတယ်လို့ မန္တလေးကသံဃာတော်တွေက ရွှေဖီမြေကို မိန့်ဆိုပါတယ်။

သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့တွေကတဆင့် ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာတွေထုတ်ပြန်ခဲ့တာဖြစ်ပြီး RLG နံပါတ်အတု တပ်ဆင်စီးနင်းတာတွေလည်း မလုပ်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။

“အဲ့ဒီညွှန်ကြားချက်ထုတ်တဲ့ မ.ဟ.န ကိုယ်တော်တွေကိုယ်တိုင်က Without ကားတွေကို RLG နံပါတ်တပ်ပြီးစီးနေကြတာ။ ဖမ်းမယ်ဆိုရင် တမြို့လုံးနီးပါးကိုဖမ်းရမှာ။ စောင့်ကြည့်ရမှာပေါ့”လို့ မန္တလေးမြို့ပေါ်က စာချဆရာတော်တစ်ပါးက မိန့်ပါတယ်။

မန္တလေးမြို့ပေါ်က ရာနဲ့ချီပြီးရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ RLG လိုင်စင်အပါအဝင် တရားဝင်လိုင်စင်ရှိတဲ့ မော်တော်ယာဥ်စီးရေဟာ ၂၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လိုင်စင်မဲ့ယာဥ်တွေကို နီးစပ်ရာ RLG နံပါတ်အတုတွေတပ်ဆင်ပြီး အသုံးပြုနေကြရတာဖြစ်တယ်လို့ ဆရာတော်တွေက ဆိုပါတယ်။

မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းအများစုဟာ အနီးအနားရပ်ကွက်တွေက ဒကာ၊ ဒကာမတွေရဲ့မော်တော်ယာဥ်တွေကို ညအိပ်ရပ်နားဖို့ခွင့်ပြုထားလေ့ရှိပြီး အဲဒီထဲမှာ လိုင်စင်မဲ့ယာဥ်တွေလည်းအများအပြားပါဝင်နေတာကြောင့် လက်ရှိအချိန်မှာပြန်လည်လာရောက်ယူဆောင်ကြဖို့ မှာကြားမှုတွေပြုလုပ်နေတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးအရေးယူမှုတွေကို အင်အားအလုံးအရင်းနဲ့ မန္တလေးမြို့ပေါ် နေရာအနှံ့အပြားမှာ လုပ်ဆောင်နေပြီး အခုလိုဘုန်းတော်ကြီးတွေကိုပါ ကန့်သတ်မှုတွေပြုလုပ်နေပေမဲ့ ရဲ၊ ထွေ/အုပ်နဲ့ စစ်တပ်အသိုင်းအဝိုင်းထဲကသူတွေကိုတော့ ချွင်းချက်ထားလွှတ်ပေးဖို့တိတ်တဆိတ်ညွှန်ကြားထားတယ်လို့ ရဲနဲ့နီးစပ်သူဒေသခံတစ်ဦးကဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။